အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း – မြန်မာ့စီးပွားရေးဘဏ်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ တရားဝင် ဖွံ့ဖြိုးမှုအကူအညီရယူ၍ ဝင်ငွေနည်းပါးသော ပြည်သူများနှင့် ဝင်ငွေအလယ်အလတ်ရှိသော ပြည်သူ များအား အိမ်ရာပိုင်ဆိုင်နိုင်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတဆင့် အိမ်ရာချေးငွေများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပံ့ပိုးပေးလျက်ရှိပါသည်။ – စီမံကိန်းအုပ်ချုပ်ရေးအဖွဲ့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွဲ့စည်းထားပြီး မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့ (Executing Agency) အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ – စီမံကိန်း၏ ပထမအဆင့်တွင် တစ်ခုတည်းသောငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်အား ရွေးချယ်ခဲ့ပြီး စီမံကိန်း၏ နောက်အဆင့်များ တွင် အခြားသော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းအဖြစ် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ – ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဆောက်လုပ်ထားသောအိမ်ရာများကို ဝယ်ယူသည့် ဝင်ငွေ နည်းပါးသော ပြည်သူများနှင့် ဝင်ငွေအလယ်အလတ်ရှိသော ပြည်သူများအား အိမ်ရာချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။ – ရောင်းချမည့် အိမ်ရာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၏ website ဖြစ်သော http://www.ministry-construction.gov.mm/ တွင် ကြော်ငြာထားသဖြင့် အိမ်ရာဝယ်ယူလိုသူများသည် အဆိုပါ website တွင် ဝင်ရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်ပါသည်။ – စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့သည် (၃/၂၀၂၀) အထိ အိမ်ရာဝယ်ယူသူ (၁၅၀၂) ဉီးအတွက် အိမ်ရာချေးငွေ ကျပ်သန်း (၁၃၁၀၈.၉၃) အား ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် မှတဆင့် ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ အိမ်ရာချေးငွေဆိုင်ရာ လိုအပ်သော အချက်အလက်များ (က) လျှောက်ထားသူ – အသက် (၁၈) နှစ်နှင့်အထက် မြန်မာနိုင်ငံသား အိမ်ပိုင် မရှိသူဖြစ်ရမည် (ခ) အိမ်ရာရောင်းဈေး – ကျပ် (၁၀) သန်းမှ (၂၇) သန်းထိ (တန်ဖိုးနည်းအိမ်ရာ) – ကျပ် (၂၇) သန်းမှ (၆၄) သန်းထိ (တန်ဖိုးသင့်အိမ်ရာ) (ဂ) အများဆုံးထုတ်ချေးငွေပမာဏ – ကျပ် (၅၅) သန်း (ဃ) လစဉ်ဝင်ငွေ – တန်ဖိုးနည်းအိမ်ရာ ဝယ်ယူမည့် အိမ်ထောင်စုတစ်ခု၏ အနည်းဆုံးလစဉ်ဝင်ငွေမှာ အနည်းဆုံး (၃) သိန်းမှ အများဆုံး (၅) သိန်းထိ – တန်ဖိုးသင့်အိမ်ရာ ဝယ်ယူမည့် အိမ်ထောင်စုတစ်ခု၏ အနည်းဆုံး လစဉ်ဝင်ငွေမှာ အနည်းဆုံး (၅) သိန်းမှ အများ ဆုံး (၁၀) သိန်းထိ (င) ထုတ်ချေးမည့်ငွေ – တိုက်ခန်းတန်ဖိုး၏ အများဆုံး (၇၀ %) (စ) ကနဦးပေးသွင်းရမည့်ငွေ – တိုက်ခန်းတန်ဖိုး၏ အနည်းဆုံး (၃၀ %) (ဆ) အတိုးနှုန်း(တစ်နှစ်လျှင်) – အနည်းဆုံးအပ်ငွေအတိုးနှုန်း + ၀.၅ % = ၅.၅ % (ဇ) ချေးငွေသက်တမ်း – အနည်းဆုံး (၁၅) နှစ် (ဈ) ပြန်လည်ပေးဆပ်မှုအစီအစဉ် – လစဉ်အရင်း၊ အတိုး အရစ်ကျပေးဆပ်ရမည် |