JICA(ODA) SME  နှစ်ဆင့်ချေးငွေစီမံကိန်း အစီအစဉ်ဖြင့်  SMEs  လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်း

 

၁။      JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံကိန်းအဆင့်-၁၊ အဆင့်-၂ နှင့် အဆင့်-၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       စီမံကိန်းအဆင့်-၁ (MY-P 12)ကို ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၁ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(.၇၇၄)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၅၇.၆၃၄)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း(Participating Financial Institution-PFIs)ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် စသည့် ပုဂ္ဂလိကဘဏ်()ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင်(၂၆၉)ဦးသို့ ငွေကျပ်(၅၇.၆၃၄)ဘီလီယံထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၃၁-၇-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင်(၄၃၁)ဦးသို့ ငွေကျပ်(၁၁၁.၂၈၁)ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့်-၁ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၇၀၀)ဦးသို့ ချေးငွေကျပ် (၁၆၈.၉၁၅)ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။ 

၃။      စီမံကိန်းအဆင့်-၂ (MY-P 23)ကို ၂၀၁၈ ခုနှစ်၊ Mini-Budget တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၁၄.)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၁၉၄.၉၆၅)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း (Participating Financial Institution-PFIs) ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL ၊ အသေးစားနှင့် အလတ် စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် စသည့် ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့် (၃၁-၇-၂၀၂၅)ရက်နေ့အထိ ပုံမှန်ချေးငွေ(Ordinary Loan)အဖြစ် SMEs လုပ်ငန်းရှင် (၇၃၃)ဦးသို့ ချေးငွေကျပ်(၁၂၃.၁၃၄ဘီလီယံထုတ်ချေးခဲ့ပါသည်။ COVID-19 ကြောင့်စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ (၂၆--၂၀၂၀)ရက်နေ့မှစတင်၍  (၃၁-၇-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင် (၅၇၅)ဦးသို့ ချေးငွေကျပ်(၇၁.၈၃၁)ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၃၁-၇-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင် (၇၀၇) ဦးသို့ ငွေကျပ်(၂၁၆.၀၉၀) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့်-၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင် (၂၀၁၅)ဦးသို့ ချေးငွေကျပ် (၄၁၁.၀၅၅)ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။

၄။      စီမံကိန်းအဆင့်-၃ (MY-P 34)နှင့်ပတ်သက်၍(-၁၁-၂၀၂၀)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ် (Loan Agreement) ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။ ချေးငွေ ထုတ်ချေးခြင်း အစီအစဉ်များကို JICA မှ ယာယီဆိုင်းငံ့ထားပါသည်။

 

စီမံကိန်းကြီးကြပ်မှုအဖွဲ့ (PMU)

 

 

 

Leave a comment

Your email address will not be published. Required fields are marked *