JICA(ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်း အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်း
၁။ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံကိန်းအဆင့်-၁၊ အဆင့်-၂ နှင့် အဆင့်-၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံကိန်းအဆင့်-၁ (MY-P 12)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။စီမံကိန်းအဆင့်-၁ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၄.၇၇၄)ဘီလီယံ နှင့်ညီမျှသော မြန်မာကျပ်(၅၇.၆၃၄)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ အစည်း (Participating Financial Institution-PFIs)ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် စသည့် ပုဂ္ဂလိကဘဏ်(၆)ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင်(၂၆၉)ဦးသို့ ငွေကျပ်(၅၇.၆၃၄)ဘီလီယံထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်း ပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၂၈-၂-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင်(၄၁၇)ဦးသို့ ငွေကျပ်(၁၀၆.၈၇၁)ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့်-၁ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၆၈၆)ဦးသို့ ချေးငွေကျပ် (၁၆၄.၅၀၅)ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။
၃။ စီမံကိန်းအဆင့်-၂ (MY-P 23)ကို ၂၀၁၈ ခုနှစ်၊ Mini-Budget တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၁၄.၅)ဘီလီယံ နှင့်ညီမျှသော မြန်မာကျပ်(၁၉၄.၉၆၅)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution-PFIs) ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် နေပြည်တော်ဖွံ့ ဖြိုးရေးဘဏ်လီမိတက် စသည့် ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့် (၂၈-၂-၂၀၂၅)ရက်နေ့အထိ ပုံမှန် ချေးငွေ(Ordinary Loan)အဖြစ် SMEs လုပ်ငန်းရှင် (၇၃၃)ဦးသို့ ချေးငွေကျပ်(၁၂၃.၁၃၄) ဘီလီယံ ထုတ်ချေးခဲ့ပါသည်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ (၂၆-၆-၂၀၂၀)ရက်နေ့မှစတင်၍ (၂၈-၂-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင် (၅၇၅)ဦးသို့ ချေးငွေကျပ်(၇၁.၈၃၁)ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၂၈-၂-၂၀၂၅)ရက်နေ့အထိ SME လုပ်ငန်းရှင် (၆၄၄) ဦးသို့ ငွေကျပ်(၁၉၆.၇၇၉) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့်-၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင် (၁၉၅၂)ဦးသို့ ချေးငွေကျပ် (၃၉၁.၇၄၄)ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။
၄။ စီမံကိန်းအဆင့်-၃ (MY-P 34) နှင့် ပတ်သက်၍ (၄-၁၁-၂၀၂၀)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ် (Loan Agreement) ကို ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။ ချေးငွေထုတ်ချေးခြင်း အစီအစဉ်များကို JICA မှ ယာယီဆိုင်းငံ့ထားပါသည်။
စီမံကိန်းကြီးကြပ်မှုအဖွဲ့ (PMU)