နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း

     မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် အငြိမ်းစားလစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဦးရေ(၇)သိန်းကျော်ရှိပြီး အငြိမ်းစားလစာများကို လစဉ် ၂၁ ရက်နေ့မှ စ၍ ထုတ်ယူလျက်ရှိကြပါသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားလစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် e-pension စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
အငြိမ်းစားလစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင်ဖွင့်လှစ်ထားသော ငွေစာရင်းမှထုတ်ယူခြင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ငွေထုတ်ယူခြင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍ထုတ်ယူခြင်း၊ Mobile Agent များမှ တစ်ဆင့်ထုတ်ယူခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပေး ကြေညာထားပြီးဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားလစာထုတ်ယူမှုများ အဆင်ပြေစေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ဘဏ်များတွင် e-pension စက်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ ငွေထုတ်ကောင်တာများတိုးချဲ့ ပေးခြင်း၊ အငြိမ်းစားများစောင့်ဆိုင်းနိုင်ရန် နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ ငွေထုတ်ပေးမှု မြန်ဆန်စေရန်စီစဉ်ဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားလစာ ထုတ်ပေးသည့်ရက်များတွင် ဘဏ်ဝန်ထမ်းများက ဘဏ် လုပ်ငန်းချိန်မတိုင်မီ နံနက်(၀၆:၀၀)နာရီမှစ၍ဖွင့်လှစ်ပြီး အငြိမ်းစားလစာများအားထုတ်ပေးခြင်း၊ နောက်လအတွက် ကြိုတင်တိုကင်ထုတ်ပေး၍ သင့်တော်သည့်နေ့ရက်၊ အချိန်ခွဲခြား ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ အငြိမ်းစားလစာထုတ်ယူမှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများထံ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်

 

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.