MME Service

MME Service  

September 29, 2017  

May Bank Money Express (MME) Service နှင့် International Money Express (IME) Service များ    ဆောင်ရွက်ပေးခြင်း  

မြန်မာ့စီးပွားရေးဘဏ်သည် မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ May Bank Money Express (MME) service ကို အသုံးပြု၍ ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။ ယင်းဝန်ဆောင်မှုပေးသည့်စနစ်မှ International Money Express (IME) စနစ်သို့ တိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် မလေးရှားနိုင်ငံရှိ May Bank တို့နှင့် သဘောတူညီချက်ရယူပြီး ဖြစ်ပါသည်။ International Money Express (IME) ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှစတင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။