၃။ အရေးပေါ်ချေးငွေ (Emergency Loan) သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) ၂၀၁၅ ခုနှစ်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်ညီညွတ်သော MSMEs ဖြစ်ရမည်။ (ခ) JICA MSME TSL Emergency Loan ချေးငွေစီမံကိန်းတွင် တားမြစ်ထားသော လုပ်ငန်း များမှအပ COVID-19 ကြောင့် အမှန်တကယ်ထိခိုက်မှုရှိသောလုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး အမှန်တကယ်ထိခိုက်မှုရှိကြောင်း အထောက်အထား တင်ပြနိုင်ရမည်။ (ဂ) MSMEs လုပ်ငန်း၏ ဝင်ငွေနှိုင်းယှဉ်ချက်(၂၀၁၉ မတ်၊ ဧပြီ၊ မေ နှင့် ၂၀၂၀ မတ်၊ ဧပြီ၊ မေ) တင်ပြရမည်။ (ဃ) ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်လည်ပတ်နိုင်သည့် MSMEs ဖြစ်ရမည့်အပြင် ချေးငွေဖြင့် လုပ်ငန်းပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Emergency Business Plan) တင်ပြရမည်။ (င) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိရမည်။ (စ) ခွင့်ပြုလုပ်ငန်းလိုင်စင် သက်တမ်းရှိရမည်။ (ဆ) ပုံမှန်ချေးငွေတွင် ကျပ်သန်း(၅၀၀)အထိ ရယူထားပြီးသူများမှလည်း COVID-19 ကြောင့် လုပ်ငန်းအမှန်တကယ် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက အရေးပေါ်ချေးငွေ (Emergency Loan) ကို ထပ်မံလျှောက်ထားနိုင်ပါသည်။ (ခိုင်မာသော သီးခြားအာမခံမြေနှင့် အဆောက်အဦ ပေး အပ်နိုင်ရမည်) (ဇ) CGI စနစ်ဖြင့် ချေးငွေအများဆုံးကျပ်သန်း(၂၀)အထိသာ လျှောက်ထားနိုင်ပြီး CGI စနစ်ဖြင့် ချေးငွေရယူပြီးသူများအား CGI စနစ်ဖြင့်ပင် ထပ်မံလျှောက်ထားခြင်းကိုခွင့်မပြုပါ။ (ဈ) Emergency Loan ချေးငွေကို Fixed Capital နှင့် Working Capital များအတွက် အသုံးပြုနိုင်ပြီး လိုအပ်ပါက လုပ်ငန်းရှင်တင်ပြသည့် Emergency Business Plan အရ Working Capital ကို ၁၀၀ % အထိ ခွင့်ပြုပါမည်။ |