အိတ်ဖွင့်လေလံတင်ရောင်းချရန်ကြော်ငြာ

February 15, 2024

မြန်မာ့စီးပွားရေးဘဏ် ၊ မန္တလေးတိုင်းဒေသကြီးရုံးမှ မြန်မာ့စီးပွားရေးဘဏ်အမည်ပေါက် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့ ၊ အောင်မင်္ဂလာရပ်ရှိ မြေနှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အား လေလံတင်ရောင်းချသွားမည်ဖြစ်သဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင်လွှဲအပ်သည့် ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လေလံဆွဲဝယ်ယူနိုင်ကြောင်း ကြေညာလိုက်သည်-

ပစ္စည်းစာရင်း

ကျောက်ပန်းတောင်းမြို့ ၊ အောင်မင်္ဂလာရပ်၊ ကွင်းအမှတ်(၂၀၆၉/ခ) ကျောက်ပန်းတောင်း(တောင်)ကွင်း ၊ မြေကွက်အမှတ်(၃၉၂/၈၆၈) ၊ မြေဧရိယာ(၀.၀၅၈)ဧကရှိ မြေနှင့်(၂)ထပ်ပတ်ကား တိုက်နှင့် ၎င်းမြေပေါ်ရှိ ဆီစက်နှင့်ဆက်စပ်ပစ္စည်းများ

မြေနှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အား မြန်မာကျပ်ငွေဖြင့် အောက်ပါအတိုင်းလေလံတင်ရောင်းချသွားမည်- 

(က)

လျှောက်လွှာရောင်းချမည့်ရက်

– ၁၉-၂-၂၀၂၄ရက်မှ ၁-၃-၂၀၂၄ရက်ထိ

( ခ )

လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက်

– ၁ -၃-၂၀၂၄ ရက်နေ့ ၁၆:၀၀ နာရီ

( ဂ )

လျှောက်လွှာရောင်းချမည့်နေ့ရာ

  မြန်မာ့စီးပွားရေးဘဏ် ၊

မန္တလေးတိုင်းဒေသကြီးရုံး ၊

၈၃လမ်း ၊ ၂၅×၂၆ကြား ၊ မန္တလေးမြို့

(ဃ)

လေလံဖွင့်လှစ်မည့် ရက်/ အချိန်

– ၄ -၃-၂၀၂၄ ၊ နံနက်(၁၀)နာရီ

( င )

လေလံဖွင့်လှစ်မည့်နေရာ

– မြန်မာ့စီးပွားရေးဘဏ် ၊

မန္တလေးတိုင်းဒေသကြီးရုံး ၊

၈၃လမ်း ၊ ၂၅×၂၆ကြား ၊ မန္တလေးမြို့

 

အိတ်ဖွင့်လေလံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက မြန်မာ့စီးပွားရေးဘဏ်၊ မန္တလေးတိုင်း ဒေသကြီးရုံး ဖုန်းနံပါတ် ၊ ၀၂-၄၀၆၈၀၀၄  ၊ ၀၂-၄၀၆၀၇၃၂ ၊ ၀၂-၄၀၃၅၆၄၃ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေလံတင်ရောင်းချရေးနိုင်ရေးကော်မတီ

 

Leave a comment

Your email address will not be published. Required fields are marked *