JICA (ODA) SME Two-Step Loan စီမံကိန်းအဆင့်-၁ နှင့် အဆင့်-၂ တို့တွင် ချေးငွေထုတ်ချေး ထားရှိမှုအား အသိပေးကြေညာခြင်း

နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ(MSMEs) ၏ပါဝင်မှုသည် ၉၉% ခန့်ရှိပြီး MSMEs များ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးပါသည်။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်သည် MSMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

          JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အောက်ပါလုပ်ငန်းများမှအပ ၂၀၁၅ ခုနှစ်၊ အသေးစားနှင့်အလတ်စား စီပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်ညီညွတ်သော မည်သည့် MSMEs လုပ်ငန်းမဆို ချေးငွေလျှောက်ထားရယူနိုင်ပါသည်-

          (၁)   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ

          (၂)   အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

          (၃)   ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ

          (၄)   အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ

          (၅)   အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်းများ

          (၆)   ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်းများ

          (၇)   လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ

          (၈)   လူမှုရေးရာတည်ငြိမ်မှုကို ထိခိုက်စေသော မည်သည့်လုပ်ငန်းမဆို

 

စဉ်JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်
MSMEs လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင် သည့် ငွေပမာဏအများဆုံးကျပ် (၅၀၀) သန်း
ချေးငွေအသုံးပြုရန် သတ်မှတ်ချက်ပုံသေရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ၏ အနည်းဆုံး၈၀%
လှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေ၏ အများဆုံး ၂၀ %
ချေးငွေအတိုးနှုန်းအပေါင်ပစ္စည်း ပေးအပ်နိုင်မှုအပေါ် မူတည်၍ အနည်းဆုံး  ၅.၅% မှ အများဆုံး ၁၀% အထိ
ချေးငွေသက်တမ်း၁ နှစ် အထက်မှ ၅ နှစ်အထိ

 

JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့်ဘဏ်များ

(၁)   အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)

(၂)   မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၃)   မြန်မာနိုင်ငံသားများဘဏ် (MCB)

(၄)   ဧရာဝတီဘဏ် (AYA)

(၅)   ကမ္ဘောဇဘဏ် (KBZ)

(၆)   သမဝါယမဘဏ် (CB)

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) ဆောင်ရွက်မှုအခြေအနေ

          JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1)တွင် အထက်ဖော်ပြပါ ဘဏ်(၆)ဘဏ်မှတစ်ဆင့် ငွေကျပ် (၅၇,၆၃၄.၄၃)သန်းအား MSME လုပ်ငန်းရှင် (၂၆၉)ဦးသို့ ချေးငွေများ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များကို လှည့်ပတ်ရံပုံငွေစာရင်းတွင်ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအထိ MSMEs လုပ်ငန်းရှင် (၁၄၀)ဦးသို့ ငွေကျပ် (၂၉,၇၂၄.၀၅)သန်းအား ထုတ်ချေးခဲ့ပြီး လှည့်ပတ်ရံပုံငွေစာရင်းရှိ လက်ကျန်ငွေများကို အထက်ဖော်ပြပါ  ဘဏ်(၆)ဘဏ်မှတစ်ဆင့် အရင်းအနှီးလိုအပ်သော MSMEs လုပ်ငန်းရှင်များသို့ ဆက်လက်ထုတ်ချေးလျက်ရှိပါသည်။

JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင် ချေးငွေရယူရန် ဆက်သွယ် လျှောက်ထားနိုင်သည့် ဘဏ်များ

(၁)   မြန်မာနိုင်ငံသားများဘဏ် (MCB)

(၂)    ကမ္ဘောဇဘဏ် (KBZ)

(၃)   မြန်မာ့စီးပွားရေးဘဏ် (MEB)

(၄)   သမဝါယမဘဏ် (CB)

(၅)   ဧရာဝတီဘဏ် (AYA)

(၆)   ပထမပုဂ္ဂလိကဘဏ် (FPB)

(၇)   ယူနိုက်တက်အမရဘဏ် (UAB)

(၈)   အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMEDB)

(၉)   မြန်မာအရှေ့တိုင်းဘဏ် (MOB)

(၁၀) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၁၁) နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် (NDB)

 

JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆောင်ရွက်မှုအခြေအနေ

          JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2)တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ အထိ MSME လုပ်ငန်းရှင် (၇၁၅)ဦးသို့ ငွေကျပ် (၁၂၀,၆၄၆)သန်းအား ထုတ်ချေးထားပြီးဖြစ်ပါသည်။ ယခုအခါ COVID-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ထိခိုက်မှုများဖြစ်ပေါ်လျှက်ရှိသော  MSMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၂တွင် အသုံးပြုရန်ကျန်ရှိသောရန်ပုံငွေများနှင့် စတုတ္ထအသုတ်အဖြစ် JICA ထံမှရရှိမည့် ရန်ပုံငွေများကို TSL Emergency Loan အဖြစ် ထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  သို့ဖြစ်ရာ MSME လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများကို အထက်ဖော်ပြပါဘဏ်များတွင် ဆက်သွယ်လျှောက်ထားရယူနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

 

                                                                                                                          မြန်မာ့စီးပွားရေးဘဏ်

                                                                                                                Project Management Unit

 

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.