မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက်

January 9, 2024

မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက်

၁။        နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူ၏အပ်နှံငွေများကို လက်ခံထိန်းသိမ်း ပေးပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အစိုးရဌာနများ အားလုံး၏ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစား လစာများ ကိုလည်း တာဝန်ယူထုတ်ပေးလျက်ရှိပါသည်။

၂။         မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၇)ရက်စွဲဖြင့် “ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊မေလ (၃)ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး ထိုစာရင်းအသစ်မှငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ အတွင်း ကန့်သတ်ချက် မရှိဘဲထုတ်ယူခွင့်ပြုမည်” ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)၊တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။        ယခုအခါ ပြည်သူများဘဏ်စာရင်းအသစ်ဖွင့်လှစ်၍ ငွေသားအပ်နှံမှုလုပ်ငန်းစဉ်များကို အဆင်ပြေ ချောမွေ့စေရန် အထူးဝန်ဆောင်မှုအစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ (၁၇)ရက် (တနင်္လာနေ့)မှ စတင်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

(က)     အထူးဝန်ဆောင်မှု ဆောင်ရွက်ပေးမည့်နေရာ

မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁) ပထမထပ်

အမှတ်(၄၃ / ၄၅)၊ ပန်းဆိုးတန်းလမ်း

ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ဖုန်းနံပါတ်- ၀၁-၃၈၇၅၅၂၊ ၀၁-၃၇၉၃၅၁

(ခ)       ဝန်ဆောင်မှုပေးမည့်လုပ်ငန်းများ

  1. စာရင်းအသစ်ဖွင့်သူများအတွက် အထူးကောင်တာ သီးခြားဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး စာရင်း အသစ် ဖွင့်လှစ်ပေးခြင်းနှင့်ငွေသားအပ်နှံမှုလက်ခံခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ် ပါသည်။

  2. အဆိုပါ စာရင်းအသစ်မှ အခြားငွေပေးချေမှုများဖြစ်သည့် စာရင်းပြောင်းနည်းလမ်း၊ ငွေပေး အမိန့်လွှာ ၊ ချတ်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ ငွေသားပြန်လည်ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏ အတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပါသည်။

  3. အဆိုပါ အထူးကောင်တာမှ မြန်မာ့စီးပွားရေးဘဏ် ခရိုင်ဘဏ်ခွဲ (၇၆) ဘဏ်သို့ အပြန်အလှန် ငွေလွှဲပေးပို့ခြင်းကို ငွေသားဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

  4. ငွေသားအပ်နှံမှု၊ထုတ်ယူမှုနှင့် ငွေလွှဲပေးပို့မှုစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.