ရန်ကုန်မန္တလေးဒေသအပြင် မကွေး၊ မော်လမြိုင်နှင့် ပုသိမ်ဒေသရှိ Post Paid အသုံးပြု ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းနှင့် အိမ်သုံးဖိုက်ဘာအင်တာနက်လိုင်း Fiber to the Home (FTTH) ဘီလ်များကိုပါ ပေးဆောင်နိုင်ခြင်းကိစ္စ 

                              မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ မန္တလေးဒေသအပြင် မကွေး၊ မော်လမြိုင်နှင့် ပုသိမ်ဒေသရှိ Post Paid အသုံးပြုကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းနှင့် အိမ်သုံးဖိုက်ဘာအင်တာနက်လိုင်း(FTTH) ဘီလ်အချက်အလက်များကို Webportal တိုးချဲ့လွှင့်တင်ပေးလျက်ရှိပါသည်။ 

                              ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၊ ရန်ကုန်(၁) (၂) (၅)၊ ငွေစု(၃)၊ မန္တလေး(၁) (၂)၊ မြန်မာ့စီးပွားရေးဘဏ်မှခန့်အပ်ထားသော ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနှင့် ဖုန်းဝန်ဆောင်မှုများ၊ City Mart Holding ၊ Victoria ၊ Asia Light ၊ United Living Mall ၊ Shopping Mall စသည့် စျေးဝယ်စင်တာများအပြင် ၂၀၁၉ခုနှစ် မေလမှစတင်ကာ မြန်မာ့စီးပွားရေးဘဏ် မကွေး၊ မော်လမြိုင် (၁)၊ ပုသိမ်ဘဏ်ခွဲတို့တွင် ပြည်သူများသည် မိမိတို့၏တယ်လီဖုန်းဘီလ်၊ အိမ်သုံးဖိုက်ဘာအင်တာနက်လိုင်း ကြေးများအတွက် တယ်လီဖုန်းနံပါတ်၊ Invoice No တောင်းခံလွှာနံပါတ်ပြောကြားခြင်းဖြင့် နေရာဒေသမရွေး Online မှတစ်ဆင့်ကောက်ခံပေးခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ 

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.