MEB MSME ချေးငွေထုတ်ချေးထားရှိမှုအားအသိပေးကြေငြာခြင်း

MSME ချေးငွေ အမျိုးအစား -ပြည်သူတို့၏ စုဆောင်းငွေမှထုတ်ချေးသည့် MEB MSME ချေးငွေ

-ဂျပန်နိုင်ငံအစိုးရ ODA ချေးငွေဖြင့် ဆောင်ရွက်သည့် JICA MSME Two-Step Loan ချေးငွေ

MEB MSME ချေးငွေ
ဦးစားပေးထုတ်ချေးမည့် လုပ်ငန်းများ

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ရောင်းဝယ် မှုလုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများ၊ သွင်းကုန်အ စားထိုးကုန် ထုတ်လုပ်မှုလုပ်ငန်းများ၊ Recycling နှင့် Energy Saving လုပ်ငန်းများ၊ နည်းပညာအခြေခံ ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ

အတိုးနှုန်း

(က) မရွှေ့မပြောင်းနိုင်သော

        အာမခံပစ္စည်းဖြင့် ချေးယူပါက

(ခ)  အာမခံပစ္စည်းတွင် စက်ပစ္စည်း

       ထည့်သွင်း၍ ချေးယူပါက

(ဂ)  အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေ

       (CGI အာမခံရှိ+CGI အာမခံမဲ့)

 

 

–       ၆.၅%

 

–       ၈.၅% မှ ၁၁.၅% အတွင်း (စက်ပစ္စည်းပါဝင်မှု အရ)

 

–       ၇ % မှ ၉% အတွင်း (Credit Rating အရ)

အများဆုံး ထုတ်ချေးမည့် ပမာဏ ကျပ်သန်း (၃၀၀)
ချေးငွေအသုံးပြုရန်သတ်မှတ်ချက် လှည့်လည်ရင်းနှီးငွေ (Working Capital) အတွက်၅၀%

ပုံသေရင်းနှီးငွေ(Fixed Capital) အတွက် ၅၀%

လက်ခံနိုင်သော အာမခံအမျိုးအစားများ မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦများ၊ ရွှေ့ ပြောင်းနိုင်သော စက်ပစ္စည်းများနှင့် မြန်မာ့အာမခံ လုပ်ငန်း၏ Credit Guarantee Insurance (CGI)
ချေးငွေသက်တမ်း (၃) နှစ်မှ (၅) နှစ်အထိ
ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

ချေးငွေအတိုးကို (၃)လတစ်ကြိမ် ပုံမှန်ပေးသွင်းရမည် ဖြစ်သည်။ ချေးငွေအရင်းကို ခွင့်ပြုသက်တမ်း (၃)နှစ် ဖြစ်ပါက (၁) နှစ်ဆိုင်းငံ့၊ (၂) နှစ် (၄) ရစ်ဆပ်ဖြင့်လည်းကောင်း၊ (၄) နှစ် ဖြစ်ပါက(၁)နှစ်(၆)လ ဆိုင်းငံ့၊ (၂) နှစ် (၆) လ (၅) ရစ်ဆပ်ဖြင့်လည်းကောင်း၊ (၅) နှစ် ဖြစ်ပါက (၂) နှစ် ဆိုင်းငံ့၊ (၃) နှစ် (၆) ရစ်ဆပ်ဖြင့်လည်းကောင်း ပြန်လည်ပေး ဆပ်ရမည်ဖြစ်ပါသည်။

ချေးငွေဖြင့် Fixed Capital အဖြစ်

အသုံးပြုရာတွင် သတိပြုရမည့်အချက်

ပုံသေရင်းနှီးငွေတွင် စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် အဆောက် အအုံများ၊ စက်ပစ္စည်း၊ စက်ကိရိ ယာများ၊ လုပ်ငန်းသုံး မော် တော်ယာဉ်များတွင် ရင်းနှီးရန်ဖြစ်သော်လည်း မြေဝယ် ယူခြင်း(သို့မဟုတ်) မြေအသုံးပြုမှုဆိုင်ရာမူပိုင်ခွင့် ဆောင် ရွက်ခြင်းတွင် ရင်းနှီးရန်ခွင့်မပြုပါ။
ချေးငွေအာမခံစနစ် (CGI)

အာမခံပစ္စည်း လုံလောက်စွာ မပေးနိုင်သူများနှင့် လုံးဝမပေးနိုင်သော လုပ်ငန်းများအတွက် မြန်မာ့အာမခံလုပ် ငန်းမှ ချေးငွေအာမခံလက်မှတ် (CGI)ကိုရယူ၍ ထုတ်ချေးလျက်ရှိပြီး CGI ပရီမီယံကြေးကို ငွေချေးသူက ပေး ဆောင်ရပါမည်။ လက်ရှိတွင် CGI ဖြင့်ထုတ်ချေးငွေကို အများဆုံး ကျပ်သန်း(၂၀)အထိသာ သတ်မှတ်ထားပါသည်။ ချေးငွေသက်တမ်း (၃) နှစ်အထိသာခွင့်ပြုပြီး (၁)နှစ် ဆိုင်းငံ့၊ (၂)နှစ် (၄)ရစ်ဆပ်စနစ်ဖြင့် ပေး ဆပ်ရပါမည်။

JICA MSME Two-Step Loan
ဦးစားပေးထုတ်ချေးမည့် လုပ်ငန်းများ

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း များ၊ ဓါတုထုတ်ကုန်များ၊ ပလပ်တစ်ထုတ်ကုန် ပုံသွန်း လောင်းခြင်းလုပ်ငန်းများ၊ အထည်အလိပ်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လုပ်သားအင်အားအသုံးပြုရသော အခြားလုပ်ငန်းများ၊ ရာဘာပစ္စည်း ထုတ်ကုန်လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ လက်မှုလုပ်ငန်းနှင့် အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းဝယ်ခြင်းလုပ်ငန်းများနှင့် သတင်းနှင့် နည်းပညာဖွံ့ဖြိုးမှုလုပ်ငန်းများ

အတိုးနှုန်း

(က) ပုံမှန် ချေးငွေ (Ordinary SME Loan)

(ခ)ဂျပန်ကုမ္ပဏီများနှင့်လုပ်ငန်းဆက်စပ်

    ဆောင်ရွက်လုပ်ကိုင်သည့်လုပ်ငန်းများသို့ ချေးငွေ

(ဂ) အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေ

(CGI အာမခံရှိ+CGI အာမခံမဲ့)

 

၅.၅ %

 

၅.၅%

 

၆% မှ ၁၀% အတွင်း (Credit Rating အရ)

အများဆုံး ထုတ်ချေးမည့် ပမာဏ ကျပ်သန်း (၅၀၀)(ကျပ်သန်း-၅၀၀ ပြည့်မီသည်အထိ အလီလီထုတ်ချေးနိုင်ပါသည်)
ချေးငွေအသုံးပြုရန်သတ်မှတ်ချက် -လှည့်လည်ရင်းနှီးငွေ (Working Capital)အတွက် ၂၀%

-ပုံသေရင်းနှီးငွေ (Fixed Capital) အတွက် ၈၀%

လက်ခံနိုင်သော အာမခံအမျိုးအစားများ မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အဦများနှင့် မြန်မာ့အာမခံလုပ်ငန်း၏ Credit Guarantee Insurance (CGI)
ချေးငွေသက်တမ်း (၃) နှစ်မှ (၅) နှစ်အထိ
ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

ချေးငွေအတိုးကို (၃) လ တစ်ကြိမ်ပုံမှန်ပေးသွင်းရမည် ဖြစ်သည်။ ချေးငွေအရင်းကို ခွင့်ပြုသက်တမ်း (၃) နှစ် ဖြစ်ပါက (၁) နှစ် ဆိုင်းငံ့၊ (၂) နှစ် (၄) ရစ်ဆပ်ဖြင့် လည်းကောင်း၊ (၄) နှစ် ဖြစ်ပါက (၁) နှစ် (၆) လ ဆိုင်းငံ့၊ (၂) နှစ် (၆) လ (၅) ရစ်ဆပ်ဖြင့်လည်း ကောင်း၊ (၅) နှစ် ဖြစ်ပါက (၂) နှစ် ဆိုင်းငံ့၊ (၃) နှစ် (၆) ရစ်ဆပ်ဖြင့်လည်းကောင်း ပြန် လည်ပေးဆပ်ရမည်ဖြစ်ပါသည်။

ချေးငွေဖြင့် Fixed Capital အဖြစ်

အသုံးပြုရာတွင် သတိပြုရမည့်အချက်

ပုံသေရင်းနှီးငွေတွင် စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် အဆောက်အအုံများ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များတွင် ရင်းနှီးရန်ဖြစ်သော်လည်း မြေ ဝယ်ယူခြင်း (သို့မဟုတ်) မြေအသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့် ဆောင်ရွက်ခြင်းတွင် ရင်းနှီးရန် ခွင့်မပြုပါ။

ချေးငွေအာမခံစနစ် (CGI) အာမခံပစ္စည်း လုံလောက်စွာ မပေးနိုင်သူများနှင့် လုံးဝ မပေးနိုင်သော လုပ်ငန်းများအတွက် မြန်မာ့အာမခံ လုပ်ငန်းမှ ချေးငွေအာမခံလက်မှတ် (CGI)ကိုရယူ၍ ထုတ်ချေးလျက်ရှိပြီး CGI ပရီမီယံကြေးကို ငွေချေးသူက ပေးဆောင်ရပါမည်။ လက်ရှိတွင် CGI ဖြင့်် ထုတ်ချေး ငွေကို အများဆုံးကျပ်သန်း(၂၀)အထိသာ သတ်မှတ် ထားပါသည်။ ချေးငွေသက်တမ်း (၃) နှစ် အထိသာ ခွင့်ပြု ပြီး (၁) နှစ်ဆိုင်းငံ့၊ (၂) နှစ် (၄) ရစ်ဆပ် စနစ်ဖြင့် ပေးဆပ် ရပါမည်။
 

MSME ချေးငွေလျှောက်ထားလိုပါက လိုအပ်သော အချက်အလက်များ (Short List)

(၁)     ဘဏ်ချေးငွေလျှောက်လွှာ၊ ချေးငွေအသုံးပြုမည့်ရည်ရွယ်ချက်၊ ချေးငွေ ပြန်လည်ပေးဆပ်မည့် အစီအစဉ်

(၂)      ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း (Business Plan)

(၃)     မြေဂရန်စာချုပ်/ ဘိုးဘပိုင်မြေ စာချုပ်များ/ လန(၃၉)/ လယ ၃၀ (က) (ခ)/ ၃(ခ)/ ဘဏ်တွင် ငွေချေးရန် အကြောင်းအရာပါရှိသည့် မြေယာပုံစံ (၁၀၅)(၁၀၆) စသည့် အာမခံပစ္စည်း၏ ပိုင်ဆိုင်မှု အထောက်အထားများ

(၄)     စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှထုတ်ပေးသည့် SME Card/ ထောက်ခံချက် လုပ်ငန်းလုပ်ကိုင်၊ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံချက်စသည့် လုပ်ငန်းရှင်ဖြစ်ကြောင်း အထောက်အထား

(၅)     လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုထားသည့် သက်တမ်းရှိလုပ်ငန်းလိုင်စင်နှင့် အခွန်ထမ်းဆောင် မှု ပြေစာများစသည့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းအထောက်အထား

(၆)     ဘဏ္ဍာနှစ်(၃)နှစ်စာ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစသည့် လုပ်ငန်း၏ တိုးတက်မှု / ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေးအခြေအနေဖော်ပြသည့် ရှင်းတမ်းများ

(၇)     လိုင်စင်ဓါတ်ပုံ၊  မှတ်ပုံတင်၊  လုပ်ငန်းရှင်၏  အိမ်ထောင်စုဇယား

(၈)     အာမခံအဆောက်အဦ၏ ရှေ့၊ ဝဲ၊ ယာ၊ နောက် အိမ်တွင်း ဓါတ်ပုံများ၊ အာမခံပစ္စည်း တည်နေရာပြ မြေပုံ

(၉)     လက်ရှိလုပ်ငန်းတွင် အသုံးပြုဆောင်ရွက်နေသော စက်ပစ္စည်းစာရင်းနှင့် စက်များအားလုံးကို  အသုံးပြုဆောင်ရွက်နေသော  လုပ်ငန်းဆောင်ရွက်နေမှု ဓါတ်ပုံများ

(၁၀)   Fixed Capital အဖြစ် ဝယ်ယူမည့်စက်ပစ္စည်းများစာရင်းနှင့်နမူနာ ဓါတ်ပုံများ

(၁၁)   စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်ဆောက်လုပ်ရန် ချေးငွေလျှောက်ထားခြင်းဖြစ်ပါက

(က)    ဆောက်လုပ်မည့် အဆောက်အဦ BQ နှင့် Layout Plan ပုံကြမ်း

(ခ)     ဆောက်လုပ် မည့်နေရာပိုင်ဆိုင်မှု အထောက်အထား

(၁၂)   ကုမ္ပဏီဖြစ်ပါက

(က)    ကုမ္ပဏီမှတ်ပုံတင် (online)၊ ဒါရိုက်တာစာရင်း

(ခ)     အစုရှယ်ယာထည့်ဝင်မှု စာရင်း

(ဂ)     ချေးငွေရယူရန် ဒါရိုက်တာအဖွဲ့ဝင်များမှ သဘောတူညီကြောင်း ဒါရိုက်တာ အစည်း အဝေးဆုံးဖြတ်ချက်

(၁၃)   သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်မရှိကြောင်း ထောက်ခံချက် (လိုအပ်သောလုပ်ငန်းများအတွက်သာ)­

 

အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

–    မြန်မာ့စီးပွားရေးဘဏ်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ တရားဝင် ဖွံ့ဖြိုးမှုအကူအညီရယူ၍ ဝင်ငွေနည်းပါးသော ပြည်သူများနှင့် ဝင်ငွေအလယ်အလတ်ရှိသော ပြည်သူ များအား အိမ်ရာပိုင်ဆိုင်နိုင်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတဆင့် အိမ်ရာချေးငွေများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပံ့ပိုးပေးလျက်ရှိပါသည်။

–     စီမံကိန်းအုပ်ချုပ်ရေးအဖွဲ့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွဲ့စည်းထားပြီး မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့ (Executing Agency) အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။

–    စီမံကိန်း၏ ပထမအဆင့်တွင် တစ်ခုတည်းသောငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်အား ရွေးချယ်ခဲ့ပြီး စီမံကိန်း၏ နောက်အဆင့်များ တွင် အခြားသော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းအဖြစ် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

–    ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဆောက်လုပ်ထားသောအိမ်ရာများကို ဝယ်ယူသည့် ဝင်ငွေ နည်းပါးသော ပြည်သူများနှင့် ဝင်ငွေအလယ်အလတ်ရှိသော ပြည်သူများအား အိမ်ရာချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။

–    ရောင်းချမည့် အိမ်ရာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၏ website ဖြစ်သော http://www.ministry-construction.gov.mm/  တွင် ကြော်ငြာထားသဖြင့် အိမ်ရာဝယ်ယူလိုသူများသည် အဆိုပါ website တွင် ဝင်ရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်ပါသည်။

–   စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့သည် (၃/၂၀၂၀) အထိ အိမ်ရာဝယ်ယူသူ (၁၅၀၂) ဉီးအတွက် အိမ်ရာချေးငွေ ကျပ်သန်း (၁၃၁၀၈.၉၃) အား ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် မှတဆင့် ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

 

အိမ်ရာချေးငွေဆိုင်ရာ လိုအပ်သော အချက်အလက်များ

(က)    လျှောက်ထားသူ                         –     အသက် (၁၈) နှစ်နှင့်အထက် မြန်မာနိုင်ငံသား အိမ်ပိုင် မရှိသူဖြစ်ရမည်

(ခ)     အိမ်ရာရောင်းဈေး                       –     ကျပ် (၁၀) သန်းမှ (၂၇) သန်းထိ (တန်ဖိုးနည်းအိမ်ရာ)

–     ကျပ် (၂၇) သန်းမှ (၆၄) သန်းထိ (တန်ဖိုးသင့်အိမ်ရာ)

(ဂ)     အများဆုံးထုတ်ချေးငွေပမာဏ       –     ကျပ် (၅၅) သန်း

(ဃ)    လစဉ်ဝင်ငွေ                              –  တန်ဖိုးနည်းအိမ်ရာ ဝယ်ယူမည့် အိမ်ထောင်စုတစ်ခု၏ အနည်းဆုံးလစဉ်ဝင်ငွေမှာ အနည်းဆုံး (၃) သိန်းမှ အများဆုံး (၅) သိန်းထိ

–   တန်ဖိုးသင့်အိမ်ရာ ဝယ်ယူမည့် အိမ်ထောင်စုတစ်ခု၏ အနည်းဆုံး လစဉ်ဝင်ငွေမှာ အနည်းဆုံး (၅) သိန်းမှ အများ                                                                ဆုံး (၁၀) သိန်းထိ

(င)     ထုတ်ချေးမည့်ငွေ                       –     တိုက်ခန်းတန်ဖိုး၏ အများဆုံး (၇၀ %)

(စ)     ကနဦးပေးသွင်းရမည့်ငွေ             –     တိုက်ခန်းတန်ဖိုး၏ အနည်းဆုံး (၃၀ %)

(ဆ)    အတိုးနှုန်း(တစ်နှစ်လျှင်)              –     အနည်းဆုံးအပ်ငွေအတိုးနှုန်း + ၀.၅ % = ၅.၅ %

(ဇ)     ချေးငွေသက်တမ်း                      –     အနည်းဆုံး (၁၅) နှစ်

(ဈ)     ပြန်လည်ပေးဆပ်မှုအစီအစဉ်       –     လစဉ်အရင်း၊ အတိုး အရစ်ကျပေးဆပ်ရမည်