မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank

ATM Service



atm-card-front

၁။ မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူဗဟိုပြုဝန်ဆောင်မှုအဖြစ် ATM စက်များတွင် ATM Card ဖြင့်ဝန်ဆောင်မှုပေးခြင်းအား (၂.၄.၂၀၁၅)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်တွင် အခြားပုဂ္ဂလိကဘဏ်များ၏ ATM Card ဖြင့်ငွေထုတ်ယူနိုင်သကဲ့သို့ မြန်မာ့စီးပွားရေးဘဏ်၏ ATM Card ဖြင့် အခြားပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ပါသည်။ (၂.၄.၂၀၁၅)ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ငွေစုဘဏ်ခွဲ(၃)၊ (၄)၊ တာမွေ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး(၁)၊ (၂)၊ (၃)၊ မြဝတီ၊ ပဲခူး၊ တောင်ငူ၊ သန်လျင်၊ ပုသိမ်၊ မအူပင်၊ ပခုက္ကူ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ လားရှိုး၊ ကျောက်ဆည်၊ တောင်ကြီး၊ ပြည်၊ တာချီလိတ်၊ ဘားအံ၊ ရွှေဘို၊ ကျိုင်းတုံ၊ မြင်းခြံ၊ သထုံ၊ ညောင်ဦး၊ မော်လမြိုင်ဘဏ်ခွဲ(၂)၊ မကွေး၊ မြောက်ဥက္ကလာပ၊ ဟင်္သာတ၊ မူဆယ်၊ မော်လမြိုင်(၁)၊ မုံရွာ၊ ရမည်းသင်း၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ စစ်တွေ၊ ငွေစုဘဏ်ခွဲ (၁) ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ ပြင်ဦးလွင် စသည့် ဘဏ်ခွဲ(၅၃) ဘဏ်တွင် ATM ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင် ဖော်ပြပါမြန်မာ့စီးပွားရေးဘဏ်(၅၃) ဘဏ်၌ (၅.၅.၂၀၁၇)ရက်နေ့မှ ထုတ်ဝေခဲ့သော ATM ကတ်များသည် ကနဦးအနေဖြင့်  https://www.myanmarpaymentunion.com  သို့ဝင်ရောက်၍ Online Enrollment ပြုလုပ်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပြီးချိန်တွင် ကတ်ကိုင်ဆောင်သူများအနေဖြင့် MPU အဖွဲ့ဝင်ဘဏ်များ၏ Merchant များမှ ရောင်းချနေသော ရွှေ၊ ငွေနှင့်လက်ဝတ်ရတနာပစ္စည်းများ၊ ဒေသထွက်အမှတ်တရပစ္စည်းများ၊ ကားလက်မှတ်နှင့်လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း၊ အခွန်ငွေပေးဆောင်ခြင်း စသည်တို့အပြင် အခြား Merchant များထံတွင်လည်း Online မှတစ်ဆင့် E-Commerce ဝန်ဆောင်မှုသစ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်သူ Customer များထံသို့ အသိပေးပန်ကြားအပ်ပါသည်။

၂။ မြန်မာ့စီးပွားရေးဘဏ်၏ ATM Card ဖြင့်ဖော်ပြပါ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၅၃) ဘဏ်၏ ATM စက်တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။

၃။ မြန်မာ့စီးပွားရေးဘဏ်၏ ATM Card ဖြင့် အခြားပုဂ္ဂလိကဘဏ်များ၏ ATM စက်တွင် ငွေထုတ်ယူခြင်းအတွက် ထုတ်ယူငွေ၏ ၀.၂%အား ကော်မရှင်ကောက်ခံပါမည်။

၄။ ATM ဝန်ဆောင်မှုရယူလိုသော Customer များအနေဖြင့် ဖော်ပြပါဘဏ်ခွဲများသို့ ဆက်သွယ်၍ ATM Account များဖွင့်လှစ်ကာ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်သော ATM Card ဖြင့် ဝန်ဆောင်မှုများရယူနိုင်ပါကြောင်းနှင့် ATM Account အား ကနဦးအပ်နှံငွေကျပ်-၁၀ဝ၀ဝ/-ဖြင့် စတင်စာရင်းဖွင့်လှစ်နိုင်ပြီး ATM Card ဖိုး ကျပ်-၃၀ဝ၀/-အား အဆိုပါကနဦးပေးသွင်းငွေမှ ခုနှိမ်ကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

၅။ ATM Card အတွက် နှစ်စဉ်ကြေးကောက်ခံခြင်းမရှိပါ။

၆။ မြန်မာ့စီးပွားရေးဘဏ် ATM စက်များတွင် UPI, JCB Card များအသုံးပြု၍ ကျပ်ငွေထုတ်ယူနိုင်ပါသည်။

၇။      ATM စာရင်းတွင် အနည်းဆုံးငွေလက်ကျန်ငွေကျပ်-၁,၀၀၀/- ထားရှိရမည်။ စာရင်းရှင်စာရင်းမှ ငွေပမာဏမည်မျှအား ATM စာရင်းသို့ စာရင်းပြောင်းထည့်သွင်းမည်ကို ATM စာရင်းဖွင့်လှစ်မည့် ဘဏ်ခွဲသို့ Standing Instruction ​ပေးထားရမည်ဖြစ်ပြီး စာရင်းရှင်စာရင်းမှ ATM ကတ်သို့ စာရင်း ပြောင်းထည့်ပေးရခြင်းအတွက် ဝန်ဆောင်ခငွေကျပ် -၂၀၀/- ကောက်ခံပါသည်။

၈။      ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ အရာထမ်း၊ အမှုထမ်းလစာများ (သို့မဟုတ်) မြန်မာ့စီးပွားရေး ဘဏ်၏ အရာထမ်း၊ အမှုထမ်းလစာများ (သို့မဟုတ်) အငြိမ်းစားလစာများကို သက်ဆိုင်ရာ ATM ကတ် များသို့ စာရင်းပြောင်းထည့်ပေးရခြင်းအတွက် ဝန်ဆောင်ခငွေကျပ်-၂၀၀/- ကောက်ခံပါသည်။

၉။      ATM ကတ်၏ PIN No. မေ့လျော့ပါက (သို့မဟုတ်) ATM တွင် ၃ ကြိမ်တိုင် PIN No. မှားယွင်းရိုက်နှိပ်ခြင်းကြောင့် PIN လျှောက်ထားရပါက ဝန်ဆောင်ခ -၁,၀၀၀/-ကျပ် ကောက်ခံမည်ဖြစ် ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဝန်ဆောင်မှုအဖြစ် MEBank ATM Card ဖြင့် MEB ATM များနှင့် အခြားဘဏ်များ၏ ATM စက်များတွင် 24/7 ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို ၂−၄−၂၀၁၅ နေ့မှ စတင်၍ ATM ကတ်များလျှောက်ထား၍ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။