မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank

Online Phone Billing



မြန်မာ့စီးပွားရေးဘဏ် Online Phone Billing System ဝန်ဆောင်မှုလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ မန္တလေးဒေသရှိ  အသုံးပြုကြိုးဖုန်း၊ မိုဘိုင်းဖုန်းဘီလ်ဆိုင်ရာအချက်အလက်များကို webportal လွှင့်တင်ပေးသည့်လုပ်ငန်းအပြင် Online မှတစ်ဆင့် တယ်လီဖုန်းဘီလ်ကောက်ခံပေးသည့် Online Phone Billing System စနစ်ကို ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။ Post Paid ဖုန်းအသုံးပြုသူ မည်သူမဆို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ (၁)၊ (၂)၊ (၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁) နှင့် (၂) အပြင် မြန်မာ့စီးပွားရေးဘဏ်မှ ခန့်အပ်ထားသော ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များ၊ City Mart Holding၊ United Living Mall၊ Super One၊ Vitoria၊ Asia Light Super Market စသည့် ဈေးဝယ်စင်တာတို့တွင် မိမိတို့၏ တယ်လီဖုန်းနံပါတ်ပြောကြားခြင်းဖြင့် နေရာဒေသမရွေး Online မှတစ်ဆင့် တယ်လီဖုန်းဘီလ်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဝန်ဆောင်မှုအဖြစ် MEBank ATM Card ဖြင့် MEB ATM များနှင့် အခြားဘဏ်များ၏ ATM စက်များတွင် 24/7 ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို ၂−၄−၂၀၁၅ နေ့မှ စတင်၍ ATM ကတ်များလျှောက်ထား၍ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။